Sunday, November 3, 2019

ဒီဂျစ်တယ် မားကတ်တင်း ခေါင်းစဉ်အောက်မှာ ဘာတွေ ပါလဲ။

Image may contain: sky and outdoor



တစ်လောက မန်းက သင်တန်းသင်နေတယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။
ကျွန်တော်ကမေးတယ်။ ဒီဂျစ်တယ် မားကတ်တင်း သင်တန်းသင်နေတယ်ဆို ဘာတွေ သင်တာလဲလို့ မေးတော့
သူမ - ဒီဂျစ်တယ်မားကတ်တင်းလေ တဲ့
ကျွန်တော် - အင်းလေး.. ဒီဂျစ်တယ် မားကတ်တင်းကိုမှ ဘာတွေ သင်လဲ
သူမ - အင်းလေ - ဒီဂျစ်တယ် မားကတ်တင်းလေ အကိုရာတဲ့ -
ကျွန်တော်- မဟုတ်ဘူးလေလို့ ဒီဂျစ်တယ် မားကတ်တင်းအောက်မှာ ကဏ္ဍတွေ အများကြီးရှိတယ်လေ။ ဥပမာ- SEO, SEM, Content Writing စသဖြင့်
အဲခါမှာ သူမက - Facebook ကြော်ငြာ လုပ်နည်းတွေ၊
ချက်ဘော့ လုပ်နည်းတွေ လေ
တဲ့။
သြော်။။ အဲလို သိနေကြတာလားလို့ ။
လူတွေ အမှတ်မမှားအောင် နည်းနည်း ပြန်ရှင်းပြချင်ပါတယ်။
.
.
Digital Marketing is not only about Social Media Marketing
------------------------------------------------------------------------
လူတော်တော်များများဟာ Digital Marketing ဆိုတာနဲ့ သူတို့ Social Media marketing/ Facebook Marketing တစ်ခုကိုပဲ ပြေးပြေးမြင်တတ်ကြပါတယ်။ ဒါဟာ မှားနေပါတယ်။
.
.
.
.
DM နည်းပညာအစိတ်အပိုင်း ခေါင်းစဉ်အောက်မှာ
.
1- search engine optimization (SEO)
2- search engine marketing (SEM)
3- content marketing
4- influencer marketing
5-content automation
6-campaign marketing
7-data-driven marketing
8- e-commerce marketing
9- social media marketing
10- social media optimization
11- e-mail direct marketing
12- display advertising
13- Mobile Marketing
.
.
.
စတာတွေ ထိပ်ဆုံးကပါဝင်ပါတယ်။ ပြောရရင် သူခေါင်းစဉ်နဲ့သူ အကုန်အရေးကြီးကြပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ပထမဆုံး DM ကို အသုံးပြုခဲ့တာ 1990 ပြည့်နှစ်မှာ ဖြစ်ပြီး ပိုတွင်ကျယ်လာတာက ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၀ ပြည့်နှစ်များမှာ ဖြစ်ပါတယ်။ သူလည်း Google လိုပါပဲ ။ Google ကို စတီထွင်တာ ၁၉၉၈ မှဆိုပေမဲ့ တကယ်တမ်း Initial Public offering လုပ်တာက ၂၀၀၄ သြဂုတ်မှာ ဖြစ်ပါတယ်။ ဖေဘုတ်စထောင်တာကတော့ ၂၀၀၄ ဖေဖော်ဝါရီမှာ ဖြစ်ပါတယ်။ ပြောရရင် Google ကစောတယ်ပေါ့။ ထွင်တာ။ နက်ဝပ်လည်း ပိုကြီးပါတယ်။
.
.
.
.
Digital marketing ကို online marketing internet marketing' or 'web marketing အဖြစ်လည်း တစ်ခါတစ်လေ ခေါ်ဆို ကြပါသေးတယ်။
အီတလီမှာဆို DM ကို 'web marketing လို့ခေါ်ပြီး USA မှာတော့ Online Marketing လိုလည်း ခေါ်လျက်ရှိသေးတယ်လို့ သိရပါတယ်။
.
.
.
ပြည်တွင်းမှာ DM အကြောင်းသိပ်မသိတဲ့ လုပ်ငန်းရှင်တွေဟာ ယနေ့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ Facebook trend နဲ့အညီ( Fb user အများဆုံးရှိမှု) Facebook ပေါ်မှာ လောက်ပဲသူတို့လုပ်ငန်းကို ကြော်ငြာစေချင်ကြပါတယ်။ ဒါကြောင့်လည်း ပဲ Facebook Marketer - လစာ ၂သိန်းခွဲနဲ့ လေးသိန်းကြားဆိုပြီး ပေးပြီး ခေါ်နေကြတာကို တွေ့ရပါတယ်။ Facebook ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်ပြီး ဆိုရှယ်မီဒီယာလို ဆိုလိုက်ရင် တစ်ခြား နိုင်ငံပေါ်နဲ့ လုပ်ငန်း နယ်ပယ်ပေါ်မှုတည်ပြီး လူသုံးများတဲ့ IG, တွစ်တာ၊ linkedin စတာတွေကိုလည်း ဆိုရှယ်မီဒီယာတွေပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာ မားကတ်တင်း လုပ်တာ Social Media Marketing ပေါ့ခင်ဗျာ။ Facebook ပေါ်မှာလောက်ဆို Facebook Marketing ဆိုပြီး သီးသန့်ထွက်လာပါတယ်။
DM ကို တကယ်နားလည်တဲ့ နိုင်ငံခြားအခြေစိုက်လုပ်ငန်းတွေနဲ့ အေဂျင်စီ အချို့ေ လာက်သာ ကျန်တဲ့ DM အစိတ်အပိုင်းတွေကိုလည်း အလေးထားပြီး position နေရာတွေ ခေါ်ယူလျက်ရှိတာကို တွေ့ရပါတယ်ဗျာ။
.
အွန်လိုင်းက ဈေးရောင်းတယ်။ စီးပွားရေးလုပ်တယ်။ ပစ္စည်းတွေ ရောင်းနေတဲ့ သူများ အတွက် Digital Marketing Ebooks လေးတွေ အစုံ ရှိပါတယ်။ ခေါင်းစဉ် ကဏ္ဍ အလိုက်လည်း မိမိ နှစ်သက်ရာ၊ မိမိရဲ့ လိုအပ်မှု ပေါ်မှုတည်ပြီး အလိုရှိရာ ရွေးချယ် ဖတ်ရူနိုင်ပါတယ်၊
Digital Marketing Ebooks တွေကို စိတ်ဝင်စားလို့ ၀ယ်ယူဖတ်ရူချင်တယ်ဆိုရင်တော့
http://bit.ly/2uskUNM မှာ လေ့လာ နိုင်ပါတယ်။
စိတ်ဝင်စားပါက မတ်ဆေ့ဘောက်စ်မှ ဆက်သွယ်နိုင်ပါတယ်။

1 comment:

  1. Your Affiliate Money Making Machine is waiting -

    And getting it running is as simple as 1, 2, 3!

    Here's how it works...

    STEP 1. Choose affiliate products the system will promote
    STEP 2. Add PUSH button traffic (this ONLY takes 2 minutes)
    STEP 3. Watch the system grow your list and sell your affiliate products all by itself!

    So, do you want to start making profits?

    The solution is right here

    ReplyDelete